See All Events

  • 14 Jun

    မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက နွမ်းပါးသော ရုပ်ရှင်အစည်းအရုံးဝင်များ၏သားသမီးများအတွက် ပညာသင်စရိတ်ထောက်ပံ့ကြေးပေးအပ်ပွဲ

    မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက နွမ်းပါးသော ရုပ်ရှင်အစည်းအရုံးဝင်များ၏သားသမီးများအတွက် ပညာသင်စရိတ်ထောက်ပံ့ကြေးပေးအပ်ပွဲကို 14.6.2014နံနက်(10)နာရီကျင်းပသည်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအ၇ုံးကတစ်ဦးလျှင်ငွေကျပ်တစ်သောင်း၊ ကျောပိုးအိတ်၊ ဗလာစာအုပ်၃ဒါဇင်၊ကျောင်းဝတ်စုံ(1)စုံ၊ပေတံ၊ဘောပင်၊ခဲဖျက်၊ထီးတို့ကို ပေးအပ်သည်။အလှူပေးအပ်ပွဲသို့ 1။ဦးဇော်မင်း(မင်္ဂလာ)မှ၃သိန်း၊Junction Squareမှ၃သိန်း၊တော်ဝင်စင်တာမှ၂သိန်း၊အကယ်ဒမီဖွေးဖွေးမှ(၅)သောင်း၊ဆောင်းအိနြေ္ဒထွန်းမှ(၅)သောင်း ပံ့ပိုးလှူဒါန်းသဖြင့် လိုအပ်သောပစ္စည်းများဝယ်ယူဖြည့်စွက်ပြီးနွမ်းပါးသောရုပ်ရှင်လောကသား(132)ဦးအတွက်ပေးအပ်လှူ ဒါန်းခဲ့သည်။
  • 31 Jul

    ရေဘေးသင့်ပြည်သူများအတွက်အလှူငွေပွဲတော်

    ရုပ်ရှင် ဂီတ သဘင် မောင်နှမများမှ စုစည်းပြီး ရံပုံငွေ အလှူပွဲတော်ကို ကျင်းပဖို့ရှိပါသည် ။ ပွဲလက်မှတ်တွေကိုလည်း MEP မှာ မနက်ဖြန်ရောင်းချပေးသွားပါမည်။။ ဒါကြောင့်ပါဝင်ကူညီပံ့ပိုးပေးလိုသူစေတနာရှင်များအနေဖြင့် လှူဒါန်းလိုသော အစားအသောက် ဆေးဝါး အဝတ်အထည် အလှူငွေများအား ပါဝင်လှူဒါန်းနိုင်ကြပါသည်။ အနယ်နယ်အရပ်ရပ်မှ ဆက်သွယ်လှူဒါန်းလိုသူများသည် KBZ Bank Account No - 0071020 . 04000392801 သို့ ဆက်သွယ် လှူ ဒါန်းနိုင်ပါသည်။
  • 03 Oct

    မြန်မာနိုင်ငံရဲတပ်ဖွဲ့ရွှေရတုနှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားမြင်ကွင်း

    မြန်မာနိုင်ငံရဲတပ်ဖွဲ့ရွှေရတုနှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနား
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက နွမ်းပါးသော ရုပ်ရှင်အစည်းအရုံးဝင်များ၏သားသမီးများအတွက် ပညာသင်စရိတ်ထောက်ပံ့ကြေးပေးအပ်ပွဲ
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက နွမ်းပါးသော ရုပ်ရှင်အစည်းအရုံးဝင်များ၏သားသမီးများအတွက် ပညာသင်စရိတ်ထောက်ပံ့ကြေးပေးအပ်ပွဲကို 14.6.2014နံနက်(10)နာရီကျင်းပသည်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအ၇ုံးကတစ်ဦးလျှင်ငွေကျပ်တစ်သောင်း၊ ကျောပိုးအိတ်၊ ဗလာစာအုပ်၃ဒါဇင်၊ကျောင်းဝတ်စုံ(1)စုံ၊ပေတံ၊ဘောပင်၊ခဲဖျက်၊ထီးတို့ကို ပေးအပ်သည်။အလှူပေးအပ်ပွဲသို့ 1။ဦးဇော်မင်း(မင်္ဂလာ)မှ၃သိန်း၊Junction Squareမှ၃သိန်း၊တော်ဝင်စင်တာမှ၂သိန်း၊အကယ်ဒမီဖွေးဖွေးမှ(၅)သောင်း၊ဆောင်းအိနြေ္ဒထွန်းမှ(၅)သောင်း ပံ့ပိုးလှူဒါန်းသဖြင့် လိုအပ်သောပစ္စည်းများဝယ်ယူဖြည့်စွက်ပြီးနွမ်းပါးသောရုပ်ရှင်လောကသား(132)ဦးအတွက်ပေးအပ်လှူ ဒါန်းခဲ့သည်။

News

(30.7.14)ရက်နေ့(143း0)နာရီအချိန်ခန့်တွင်ပုဇွန်တောင်မြို့နယ်၊၂ရပ်ကွက်၊အနော်ရထာလမ်းမပေါ်၊အမှတ်(၄၃|ဘီ) ပထမထပ်ရှိ ဒေါ်ကမ္မလား(ခ)မအေးမြင့်၏Powerငှါးရမ်းဆိုင်တွင် နိုင်ငံခြားဇာတ်လမ်းတွဲခွေများအခကြေးငွေဖြငိ့ငှါးရမ်းနေကြောင်း သတင်းအရ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှရဲအုပ်တင်ထွန်းနိုင်၊ဒုရဲအုပ်ဝင်းမင်းထွန်း၊တပ်ကြပ်နိုင်ထွန်းအောင်၊တပ်ကြပ်ဇော်ဇော်လင်း၊တပ်ကြပ်သန်းထူးအောင်၊ပုဇွန်တောင်မြို့မရဲစခန်းနယ်ထိန်းအရာရှိဒုရဲအုပ်မောင်မျိုးနှင့်အဖွဲ့၊ရန်ကုန်တိုင်းဒေသကြီး ဗီဒီယိုအခြေခံအဖွဲ့မှ အမှူဆောင်များ၊ပူးပေါင်းအဖွဲ့ ၀င်ရောက်ရှာဖွေရာ ဆင်ဆာမဲ့နိုင်ငံခြားဇာတ်လမ်းတွဲ ခွေများ ဒေါ်ကမ္မလား(ခ)မအေးမြင့် ထံမှ ဆင်ဆာမဲ့နိုင်ငံခြားဇာတ်လမ်းခွေမျိုးစုံ ဗီစီဒီ|ဒီဗီဒီ(30900)ချပ်၊ရောင်စုံပလပ်စတစ်ခြင်း မျိုးစုံ(28)ခြင်း၊Triple Three စာတမ်းပါခွေငှားရမ်းမှတ်တမ်းဗလာစာအုပ်(၁)အုပ်၊Universal စာတမ်းပါအမည်နှင့်စာရင်းမှတ်ထားသည့်စာအုပ်၁အုပ်၊ ဦးသန်းအေးအမည်ပါ Power အမည်ဖြင့် ရန်ကုန်တိုင်းဒေသကြီး ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီမှထုတ်ပေးထားသည့် ဗီဒီယိုငှားရမ်းလုပ်ငန်းလိုင်စင်မိတ္တူ ၁ရွက်၊ငွေစက္ကူ (1900)ကျပ် တို့အားဖမ်းဆီးခဲ့ရာ ဒေါ်ကမ္မလား(ခ)မအေးမြင့်အား ပုဇွန်တောင်မြို့မရဲစခန်းတွင်(ပ)၁၄၈|၂၀၁၄ပုဒ်မ၃၂(က)၃၂(ခ)ဖြင့်အမှူဖွင့်အရေးယူခဲ့သည်။

08 Aug 2015  |  02:30 AM

မြန်မာဗီဒီယိုဇာတ်ကားထုတ်လုပ်ဖြန့်ချိရေးများသည် အဓိကသရုပ်ဆောင်မင်းသားသုံးပတ်ရက်ချိတ်ပြီးပါက တစ်ပါတ်ရက်ချိတ်နားစနစ်ကို (29.6.2015)နေ့မှစ၍ စတင်ကျင့်သုံးဖြစ်ကြောင်း သိရသည်။

25 Jun 2015  |  08:15 AM

အနုပညာဆည်းဆာရိပ်ပန္နက်တင်အခမ်းအနားတွင် ပင်မအဆောက်အအုံတည်ဆောက်ရန်အတွက်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှငွေကျပ်သိန်း(100)နှင့်မမများအဖွဲ့မှကျပ်(1)သိန်းလှူဒါန်းသည်။

19 May 2015  |  02:03 AM

ရုပ်ရှင်အနုပညာရှင်တွေကလဲ သာယာဝတိထောင်ရောက် ကျောင်းသူကျောင်းသားများ၊ ပြည်သူများနဲ့တစ်သားထည်းရှိနေပါကြောင်း ပြသခဲ့ပါတယ်။ကိုလူမင်းဦးဆောင်လို့  စုပေါင်းအလှူငွေထည့်ဝင်ပေးခဲ့ပါတယ်။ငွေကြေးထက် ရပ်တည်ပေးကြတဲ့စိတ်ဓါတ်ခွန်အား ကတန် ဘိုးကြီးလှပါတယ်။ကျေးဇူးပါအနုပညာရှင်ညီအကိုများခင်ဗျား။ ဆက်လက်ပြီးတော့ ဂီတပညာရှင်များ ကိုယ်စား BoBo entertainment နဲ့ media 7တို့ ကလဲစုဆောင်းလို့ လှူတန်းကြပါတယ်။ခုလိုထောက်ခံအားပေးမှုများဟာ ငွေကြေးထက် ခွန်အားဖြစ်စေတာကို ကျွန်တော် ထောင်ထွက်တစ်ယောက်အနေနဲ့  နက်နက်နဲနဲ ခံစားမိပါတယ်။ကျေးဇူးတင်ကြောင်းထပ်လောင်းပြောပါရစေ။ မောင်သူရ ( ဇာဂနာ )

24 Mar 2015  |  02:06 AM

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနှစ်စဉ်လှူဒါန်းနေကျနွမ်းပါးသောရုပ်ရှင်ဗီဒီယိုလောကသားများအတွက်သင်္ကြန်အမှီဆန်ဆီဝေငှပေးမည်ဖြစ်သည်။ပါဝင်လှူဒါန်းလိုသူများကိုဖိတ်ခေါ်ထားရာ ဝတ်မှုံရွှေရည် --- ငါးသိန်း ခိုင်သင်းကြည်----သုံးသိန်း စတင်လှူဒါန်းသည်

19 Mar 2015  |  02:15 AM

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်နှင့်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး မှ နာယကကြီးများ၊ ဥက္ကဋ္ဌ၊ အမှုဆောင်များနှင့် လောကသားများအား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး စည်းဝေးခန်းမတွင်တွေ့ဆုံသည်။

16 Jul 2014  |  02:34 AM

Conference on Development of Creative Content Industry Collaborating between French National Center for Cinema(CNC)and Myanma Motion Picture Organization (MMPO) with the support of Myanma Motion Picture Development Ministry of Inturmation ပွဲကိုမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဥက္ကဌနှင့်အတွင်းရေးမှူးအမှုဆောင်များတက်ရောက်ကြသည်။

24 Jun 2014  |  02:37 AM